သုံးခွ ဇွန် ၁၀
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၂ ခုနှစ်မိုးရာ သီစိမ်းလန်းစိုပြေရေး၊ သဘာ၀ပတ်၀န်းကျင် သာယာလှပစေရေးအတွက် မြို့နယ် သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ပူးပေါင်း၍ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို လက်ပန်ကျိုး-အောင်သာဒါန်း ဆက်သွယ်ရေး လမ်းဘေးမိုင်တိုင် အမှတ် ၆ မိုင် ၄ ဖာလုံမှ ၈ မိုင်ထိတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးသက်နိုင်၊ တောအုပ် ဦးသက်ထွန်းနိုင်တို့က ပျိုးပင်များ စိုက်ပျိုးပုံ စိုက်ပျိုးနည်းကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၀င်(၁) ဗိုလ်မှူး သန့်ဇော်လင်းနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများအား ပျိုးပင်များကိုပေးအပ်ခဲ့ရာ ဌာနဆိုင်ရာတာ၀န်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ယင်းသို့စိုက်ပျိုးရာတွင် မန်ဂန်ရှား (၂၅၀) ပင်၊ ပျဉ်းမ (၂၀၀) ပင် စုစုပေါင်း သစ်ပင် (၄၅၀) တို့အား စုပေါင်းစိုက်ပျိုးကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်