မိုးမောက် ဇွန် ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီခန့်တွင် မြို့နယ်ကျန်းမာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာ ပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လွန်း နန်းထွေးက Talk Show ဆောင်ရွက်ရခြင်းနှင့် သွေးလွန်တုပ်ကွေးဆိုင်ရာ အသိပညာပေး ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းနိုင်က သွေးလွန် တုပ်ကွေး ဖြစ်ပွားပုံ၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးမဖြစ်ပေါ်စေရေး ကြိုတင် ကာကွယ်ရေး နည်းလမ်းများအကြောင်း (ဖုန်း၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများဆောင်ရွက်နေမှုနှင့် မိုးမောက်မြို့နယ်တွင်း သွေးလွန်းတုပ်ကွေးဖြစ်ပွားမှု လျော့နည်းပပျောက်စေရေး မြို့နယ်နေ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ သွေးလွန်တုပ်ကွေးကို ကုသခြင်းထက် ကာကွယ်မှုက ပိုမိုထိရောက်ကြောင်းတို့ကို အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။
လွန်းနန်းထွေး