သုံးခွ ဇွန် ၁၀
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အ.ထ.က (၁) စာသင်ကျောင်းတွင် ပြည်သူ အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများအား နံရံကပ်စာစောင်ပြသရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာအကြောင်းအရာများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်း မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးမှုများစသည့် ပြည်သူတို့သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတရရှိစေရန် နံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း