ကမာရွတ် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၊စျေးများဌာနနှင့် သန့်ရှင်းရေဌာနတို့မှဦးစီး၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ လွယ်လင့်တကူဝယ်ယူ စားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၀၇:၀၀)နာရီအချိန်မှစတင်၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ရဲစခန်းဝင်း၊ အမှတ်(၄)ရပ်ကွက် သင်္ဘောကျင်းအိမ်ရာရှိ ဝန်ထမ်းအိမ်ရာများတွင် တိရစ္ဆာန်ဆေးကုသရေးနှင့်သားသတ်ရုံများဌာနမှ ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကိုလည်းကောင်း၊ စျေးများဌာနမှရေထွက်ပစ္စည်းငါးနှင့် ပုဇွန်များကိုလည်ကောင်း၊ ပတ်ဝန်းကျင်သန့်ရှင်ရေးဌာနမှ ကုန်စိမ်းနှင့် ကုန်ခြောက်အမျိုးမျိုးကိုစျေးနှုန်းချိုသာစွာဖြင့် ချပေးလျက်ရှိရာ ကြက်တစ်ပိသာလျှင် (၅၀၀၀)ကျပ်၊ အမဲသားတစ်ပိသာ(၁၃၀၀၀)ကျပ်၊ ဝက်သား တစ်ပိသာ (၁၀၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိသာ(၂၀၀၀၀)ကျပ်၊ ကြက်ဥ(၁၀)လုံးပါ တစ်ကဒ်(၁၃၀၀)ကျပ်၊ ဆန်ချော(၅)ပြည်ပါတစ်အိတ် (၈၅၀၀)ကျပ်၊ ဆန်ကြမ်း(၅)ပြည်ပါ တစ်အိတ်(၅၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သား တစ်ဘူး(၁၈၅၀)ကျပ်ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီးမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့များမှ ပူးပေါင်း၍ ပြည်သူများ အဆင်ပြေဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စိမ်းလဲ့