ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ငါန်းဇွန်   ဇွန်  ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 9(ဒုတိယအကြိမ်)ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Phase 9(ဒုတိယအကြိမ်)ဆက်လက်ထိုးနှံပေးရာ ယမန်နေ့ နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၂၅)ဦး၊ မြို့သာဇုံမှ (၄၀)ဦး၊ ငါန်းမြာဇုံမှ (၃၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၁၅) ဦး၊ သားကျင် ဇုံမှ (၅၂)ဦး၊ ဂျိုဇုံမှ (၄၅)ဦးနှင့် ရေလည်သောင်ဇုံမှ (၉)ဦး စုစုပေါင်း (၂၂၁)ဦး ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မေ ၉ ရက်နေ့မှ ဇွန် ၉ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ Phase 9(ဒုတိယ အကြိမ်)တွင် (၃၀၀၄)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။     

သက်နောင်ဦး(ငါန်းဇွန်)