တွံတေး ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အများပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့်ဆိုင်က လုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါဆိုင်ရာ ကိစ္စရပ်များ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များစသည့် ပြည်သူတို့ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမပြသခဲ့ကြောင်း သိရသည်။
အဆိုပါနံရပ်ကပ်စာစောင်ပြပွဲသို့ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုကြရာ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဦးနှင့် ဝန်ထမ်းများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
တွံတေးသား