ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ကျောက်တန်းမြို့နယ် အ.ထ.က(၁)တွင် ခင်းကျင်းပြသ

ကျောက်တန်း ဇွန် ၁၀

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာ အကြောင်းအရာများ၊ မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်း မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါ အသိပညာပေးမှုများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များစသည့် ပြည်သူတို့ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများကို ယနေ့ နံနက်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ကျောက်တန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အဆိုပါနံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်ပြပွဲကို ကျောက်တန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား / သူများက ကြည့်ရှုလေ့လာကြရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တန်းမြို့နယ်ရုံးမှ  ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုနှင့် ဝန်ထမ်းများက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်