ဖားကန့်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး

ဖားကန့် ဇွန် ၁၀


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင်  ၂၀၂၂-၂၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်ရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ  ကျောင်းသား၊ ကျောင်းသူများ အား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် လုံးခင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတို့တွင် ကာကွယ်ဆေးများစတင်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၉၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးသန္ဒာဦး (ပြန်/ဆက်)