မိုင်းယုမြို့၌ အသက် (၅)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မိုင်းယု ဇွန် ၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင် မိသားစုကလေးများဖြစ်သည့် အသက်()နှစ်မှ (၁၂)အထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမှုကို ဇွန် ၁၀ ရက်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေအား မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် တာဝန်ရှိသူများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျေးလက်ကျန်းမာရေး ဆရာမများက ယင်းကျောင်းရှိ တပ်ဖွဲ့ဝင်မိသားစုကလေးများဖြစ်သည့် အသက်()နှစ်မှ (၁၂)အထိကျောင်းသား ၁၀ ဦး၊ ကျောင်းသူ ၂၀ ဦး၊ စုစုပေါင်း ၃၀ ဦးတို့ကို ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြပြီး လိုအပ်သည့် ကျန်းမာရေး အခြေအနေစောင့်ကြည့်မှုများ ကိုလည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

မိုင်းယုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပြီးသည့် အသက်()နှစ်မှ (၁၂)အထိကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၇၆ ဦးရှိပြီး ယင်းကျောင်းရှိ ကျောင်းတက် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ၁၉၃ ဦးရှိကြောင်း  သိရသည်။

ကိုကိုနိုင်