နမ့်ဆန်မြို့နယ်၌ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေး

နမ့်ဆန် ဇွန်၁၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကျောင်းသား/သူများ  ကိုဗစ်- ၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုစဉ် ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ   ယနေ့နံနက်(၉)နာရီအချိန်တွင်    အမှတ်(၃) အခြေခံမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိကျောင်းသား/သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့်ဆရာ/မများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းလမ်းညွှန်ချက်များနှင့်အညီ  နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း ကျန်းမာရေးစစ်ဆေးခြင်း မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးပြီးနောက် ကျောင်းသား/သူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

နမ့်ဆန်မြို့ အမှတ်(၃)အခြေခံမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား/သူ(၇၆)ဦးရှိပြီ ကျောင်းသား/သူ (၆၀)ဦး ထိုးနှံပြီးစီးပြီဖြစ်ရာ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား/သူမျာအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်