ရွာငံမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေး အတွက် ပျိုးပင်ပေါင်း ( ၁၄၀၀၀ ) ကျော်အား  အခမဲ့ဖြန့်ဝေပေး

ရွာငံ ဇွန် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့်  ရေတို/ ရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပျိုးပင်ပေါင်း (  ၁၄၀၀၀ ) ကျော်အား   ပြုစုပျိုးထောင်ထားကြောင်း သိရသည်။

ရွာငံမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝတောများ ပြုစုထိန်းသိမ်းခြင်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများ စနစ်တကျထုတ်လုပ်ခြင်း၊ သစ်တောစိုက်ခင်းများတည်ထောင်ခြင်းများနှင့်  ရာသီဉတုဆိုးရွားမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအားကာကွယ် ရန်အရိပ်ရလေကာပင်များ၊ ဒေသနှင့်ကိုက်ညီသော ပျိုးပင်ပေါင်း (၁၄၀၀၀) ကျော်အား  မိုးရာသီ မြေအစိုဓာတ်ရရှိသည်နှင့်တစ်ပြိုင်နက် မေလဆန်းပိုင်းမှစတင်၍  ရွာငံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများသို့ အခဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပျိုးပင်များတွင်  ကျွန်း၊ မဲဇလီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ခါတော်မီ၊ ချယ်ရီနှင့် အခြားအရိပ်ရ ပျိုးပင်များ ပါဝင်ကြောင်း သိရသည်။

ပြည်သူများအနေနှင့် မိမိတို့ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ရာသီဉတုဆိုးရွားမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု့မှကာကွယ်နိုင်ရန် သစ်ပင်များအားစနစ်တကျ ပြုစု ပျိုးထောင်စိုက်ပျိုးတတ်စေရန်နှင့် သစ်တောသစ်ပင်များချစ်ခင်တတ်စေရန်ရည်ရွယ်၍ ပျိုးပင်များကို ဇူလိုင်လ၊ လဆန်းပိုင်းအထိ အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ထိ ဖြန့်ဝေပြီးပျိုးပင်ပေါင်း (၁၃၉၅)ပင် ဖြန့်ဝေပြီးစီးပါကြောင်း သံယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရွာငံမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ပြည့်ဖြိုးသန့်