မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာရှိ စိုက်ခင်းတစ်တွင် တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ

မောင်တော ဇွန် ၁၀

ရခိုင်ပြည်နယ်၊  မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာ (နတလ) ကျေးရွာ၏ အရှေ့ဘက် ကားလမ်းဘေး စိုက်ခင်းတစ်ခု၌  ယမန်နေ့နံနက် (၈) နာရီအချိန်က တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆင်၏ အရွယ်အစားမှာ အရှည် ၁၃ ပေခွဲ၊ ဦးခေါင်း ၉ ပေ၊ နှာမောင်း ၄ ပေခွဲ၊ အမြီး ၃ ပေခွဲ၊ လုံးပတ် ၃၄ ပေ၊ အစွယ် ၆ လက်မခန့်ရှိပြီး ဝမ်းဗိုက်ပြတ်ရှှဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊  အဆိုပါ သေဆုံးနေသည့်ဆင်အား မြို့နယ်သစ်တောဦးစီးဌာနမှ လုပ်ထုံးလုပ်နည်း များနှင့်အညီ စစ်ဆေးခဲ့ပြီး  မြေမြှုပ်ပေးခဲ့ကြောင်း သိရသည်။

ဝေလ(မောင်တော)