စဉ့်ကိုင်မြို့နယ်တွင် အသက်မွေးကြောင်းအထောက်အကူပြု ပန်းအလှကြယ်သီးထိုးသင်တန်းဆင်းပွဲကျင်းပ

စဉ့်ကိုင် ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်မွေးကြောင်းအထောက်အကူပြုပန်းအလှကြယ်သီးထိုးနည်းသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီခွဲက  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းအလှကြယ်သီးသင်တန်းဆင်းပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာစန်းကကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများအလုပ်အကိုင်၊အခွင့်အလမ်းနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးသင်တန်းသူများအား သင်တန်း ဆင်းလက်မှတ်များပေးအပ်ခဲ့သည်။

ပန်းအလှကြယ်သီးထိုးနည်းကို သင်ကြားတတ်မြောက်ခြင်းအားဖြင့် မိမိနေအိမ်တွင် တစ်နိုင်တစ်ပိုင်မိသားစုအပို၀င်ငွေရရှိလာခြင်း၊ အလုပ်အကိုင်၊ အခွင့်အလမ်းများရရှိနိုင်ခြင်း၊ နေအိမ်နှင့်အိုးမကွာအိမ်မကွာ ဆောင်ရွက်နိုင်သောကြောင့် မိသားစုအတွက် ပိုမိုအကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပြီး အဆိုပါအသက်မွေး၀မ်းကြောင်း အထောက်အကူပြုပန်းအလှကြယ်သီးထိုးသင်တန်းကို ကျေးရွာများမှ သင်တန်းသူ(၂၅)ဦး တက်ရောက်ခဲ့ပြီး  သင်တန်းကာလမှာ ဇွန်လ(၁)ရက်နေ့မှ ဇွန်လ(၁၀)ရက် ထိဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)