ဂွ ဇွန် ၁၀
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး (Talk Show) ကို Community. Centre ခန်းမ လူထုအခြေပြုဗဟိုဌာန၌ ယမန် နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က သက်ငယ် နားမကြားကျောင်းနှင့်ပတ်သက်၍ သိရှိလိုသော အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်က သက်ငယ် နားမကြားကျောင်း၏ ရည်ရွယ်ချက်၊ သင်တန်းသား လက်ခံသည့် ကလေးအမျိုးအစား၊ ကျွေးမွေးစောင့်ရှောက်မှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများ၊ လေ့ကျင့်သင်ကြားပေးမှုများ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားဆောင်ရွက်ပေးမှုများနှင့် အားကစားနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမှု အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်