ကွတ်ခိုင်မြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ၁၉ (Covid-19)ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကွတ်ခိုင် ဇွန် ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများဖြစ်သောအ..က()/()/()၊ အ..က(ဆမ်ဝမ်)ကျောင်းများမှ အသက်()နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မန်နေ့ နံနက် ()နာရီမှစ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလိုက်လံထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့် ဦးဆောင်သောအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံထိုးနှံပေးခဲ့ကြသည်။ ဤကဲ့သို့ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျောင်းများ၌ ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများအား အသီးသီး လိုက်လံထိုးနှံပေးခဲ့သော်လည်း အခြေအနေအရမထိုးနှံနိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ များလည်းရှိကြသည်။ ထို့ကြောင့် ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလိုက်လံထိုးနှံပေးခဲ့သော..က ()/()/()၊အ..က(ဆမ်ဝမ်)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၀)ယောက်အားထိုးနှံပေးနိုင်ခဲ့ကြပြီး၊ မထိုးနှံရသေးသော ကျောင်းသား၊ ကျောင်းသူများကိုလည်း တတ်နိုင်သမျှအမြန်ဆုံး ပြန်လည်ထိုးနှံပေးသွားမည်ဟု သိရပါသည်။

ချစ်မျိုးဦး    (ကွတ်ခိုင်)