ဟိုပန်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ

ဟိုပန် ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ ကလေးသူငယ်များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်(၁၀)နာရီအချိန်က  ရုံးကုန်းရပ်ကွက်ရှိ အ.မ.ကကျောင်း၊ ကောင်းကော်ကျေးရွာရှိ အ.လ.ကကျောင်းနှင့် ပန်မွန်းကျေးရွာရှိ အ.မ.ကကျောင်းစသည့် စုရပ်နေရာသုံး​နေရာ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းကျောင်းသား၊ ကျောင်းသူကလေးသူငယ်များအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေး (Sinopharm)ကို ဇွန်လ (၇)ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား (၅၄၀)ဦး၊ ကျောင်းသူ(၅၃၀)ဦး စုစုပေါင်း(၁၀၇၀)ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)