မြေပုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး စက်သုံးဆီအရောင်ဆိုင်များသို့ သွားရောက် စစ်ဆေးခြင်း ဆောင်ရွက်

မြေပုံ ဇွန် ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ကံသာထွက်ဝရပ်ကွက် မြို့အဝင် စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦစီးမှူး ဦးပြည့်ဖြိုးကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုမြို့နယ်မှူး စောဦးထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး(တာဝန်ခံ) ဦးကျော်သန်းစိုးနှင့် တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူးကောင်း၊ မကောင်းစစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊‌ ရေပုံး လုံလောက်စွာဆောင်ရွက်ထားရှိမှု ရှိ/မရှိစစ်ဆေးခြင်း၊ မီးသတ်ရေကန်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးသတိပေးဆောင်ပုဒ်များ ပြုလုပ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ‌စစ်ဆေးခြင်း၊ စက်သုံးဆီများသိုလှောင် ရောင်းချရာတွင် စနစ်တကျ ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း စသည့်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

တင်ဝင်း (ပြန်/‌ဆက်)