တန့်ယန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တန့်ယန်း ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များဖြစ်သည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကျောင်းသား/ကျောင်းသူ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့် ထိုးနှံပေးလျက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူအောင်နှင့် ဆရာ/ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြကြောင်းနှင့် ယနေ့အထိ မြို့နယ်တွင်ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၇၇၀)ယောက် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။                                                                     

မင်းလွင်ဦး(ပြန်/ဆက်)