တာချီလိတ်မြို့ ဝမ်လုံး ကိုဗစ်(စင်တာ)မှထိုင်းနိုင်ငံ နေရပ်ပြန်အလုပ်သမား (၂၀၂)ဦးကို နေရပ်သို့ ပြန်လည်ပို့ဆောင်

တာချီလိတ် ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှနေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား(၁၁၈)ဦး၊ အမျိုးသမီး(၈၄)ဦး၊ စုစုပေါင်း(၂၀၂)ဦးကို ယနေ့နေ့လည် ၁၂ နာရီအချိန်၌ မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ဇွန်(၄)ရက်နေ့က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂) မှ ပြန်လည်ဝင်ရောက်လာခဲ့ကြရာတွင် ဝမ်လုံး Quarantine Centre ၌ ရောဂါပိုးစောင့်ကြည့်စစ်ဆေးနိုင်ရန် (၅)ရက်နေထိုင်ခဲ့ကြပြီး၊ သတ်မှတ်ကာလအတွင်း နှာခေါင်းနှင့်အာခေါင်တို့ဖတ်(၂)ကြိမ်ထပ်မံရယူစစ်ဆေးခဲ့ရာ၌ အမျိုးသားတစ်ဦး ကိုဗစ် ၁၉ Positive တွေ့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် သတ်မှတ်ကာလထိ ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများကို  မေတ္တာရှင်လူမှုကူညီရေးအသင်းဝင်များက ကူညီစောင့်ရှောက်ပေးလျက်ရှိပြီး၊ မြို့နယ်ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်က လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး ( ပြန်/ဆက်)