လွယ်ဂျယ် ဇွန် ၉
ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ပိုမိုလွှမ်းခြုံနိုင်ရေးအတွက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် (၉)နာရီက စတင်၍ ထိုးနှံလျက်ရှိရာ ယနေ့တွင်လည်း ကျန်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ပါးစပ်/နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ကို ထိုးနှံပေးခဲ့ကြသည်။
ယနေ့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း အကျုံးဝင်သူ Grade-5 မှ ကျောင်းသား၊ ကျောင်းသူ (၃)ဦး၊ Grade-4မှ (၃၀)ဦး၊ Grade -3 မှ(၃၅)ဦး၊ Grade -2မှ(၆၁)ဦး၊ Grade -1 မှ(၄၆)ဦး၊ KG မှ(၂၅)စုစုပေါင်း(၂၀၀)ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေး ထိုးနှံရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ထွန်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီးလိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြကြောင်း
သိရသည်။
လွယ်ဂျယ်(ပြန်/ဆက်)