ဝိုင်းမော် ဇွန် ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်း၊ ဝိုင်းမော်မြို့နယ် မိဘမေတ္တာလူမူကူညီရေးအသင်းမှ ကျောင်းသုံး ပရိဘောဂများ လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီချိန်က ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းနှင့် မြို့နယ်ပညာရေးမှူး ဦးသန်းအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး၊ မိဘမေတ္တာ လူမူကူညီရေးအသင်းမှ တာဝန်ရှိသူ ဦးကျော်စိုးက ကျောင်းသုံးပရိဘောဂများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အလက(ခွဲ) နောင်တာလောကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီခိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာရှိ မိဘမေတ္တာလူမူကူညီရေးအသင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသုံးစာရေးစားပွဲနှင့်ခုံ (၁၄)လုံးနှင့် လက်ဆေးဘေစင် (၄) လုံး စုစုပေါင်း တန်ဖိုးငွေကျပ် (၁၀) သိန်း လှူဒါန်းခဲ့ကြောင်းသိရသည်။
ဖြူစင်