ရန်ကင်းမြို့နယ်တွင် အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား / သူ(၄၈၀) ဦးအား (ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံ​​ပေး

ရန်ကင်း ဇွန် ၉

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား၊ သူများအား Sinopharm ကာကွယ်​ဆေးများကို (ပထမအကြိမ်) အဖြစ်​ အမှတ်() အ​ခြေခံပညာမူလတန်း​ကျောင်း၌ ထိုးနှံပေးလျက်ရှိရာ ယ​နေ့တွင် ​ကျောင်းသား၊​ ကျောင်းသူ (၄၈၀) ဦးအား  ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ကျောင်းသား၊ ​ကျောင်သူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုအလျင်အမြန်ရရှိစေရန် ရည်ရွယ်၍  ထိုးနှံ​ပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီ  Sinopharm  ကာကွယ်ဆေးများကို အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် စုရပ်ထားပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ယူထိုးနှံပေးလျက်ရှိကြောင်း သတင်းရသည်။

အိရွှေစင် (ပြန်/ဆက်)