ရန်ကင်း ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏အကြောင်းကို သိရှိနားလည်နိုင်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို မည်သို့ကာကွယ်တိုက် ဖျက်ရမည်ကို သိရှိစေရုံသာမက သတိပြုနားလည်နိုင်စေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း (Book Club)တို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။
ဟောပြောပွဲတွင်ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က လူသည်စူးစမ်းတတ်သော သတ္တဝါတစ်မျိုးဖြစ်ပြီး ထိုစူးစမ်းစိတ်ကြောင့်ပင် ယနေ့ကမ္ဘာကို ပုံဖော်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စူးစမ်းစိတ်သည် လူကိုကောင်းကျိုးပြုသလို ဆိုးကျိုးများလည်း ပြုနိုင်ကြောင်း၊ အန္တရာယ်ရှိသော မူးယစ်ဆေးဝါးသည် စူးစမ်းမိသည့် လူကိုချုပ်နှောင်ဖမ်းစားရင်း မပြန်လမ်းသို့ ဆွဲခေါ်သွားနိုင်သော အရာဖြစ်၍ မူးယစ်ဆေးဝါး အန္တရာယ်မှ လူငယ်များ ရှောင်ရှားနိုင်ကြစေရန် ယခုလို ဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တက်ရောက် လာသည့် လူငယ်များက မူးယစ်ဆးဝါးအန္တရာယ်နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးရာ မြို့နယ်စာရေးဆရာများအသင်း၊ ရည်ညွှန်းစာကြည့်တိုက် အတွင်း ရေးမှူး မောင်ယဉ်ဝေ(ဥက္ကလာ)က လူငယ်များ အသက်အန္တရာယ်ဆုံးရှုံးသည်အထိ အဓိကခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေး ဝါးပင်ဖြစ် ကြောင်း၊ လူသားများ၏ ကျန်းမာရေး၊ ဖွံဖြိုးတိုးတက်ရေးကို ထိခိုက်ခြိမ်းခြောက်လျက်ရှိသော အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို ကြိုတင်တားဆီးကာကွယ်နိုင်ရန်နှင့် မူးယစ်ဆေးဝါးကို ဘုံရန်သူအဖြစ် ချေမှုန်း နိုင်ရန်တို့ကို လူငယ်များနားလည် သဘောပေါက်နိုင်ရန် စနစ်တကျ ဥပမာများဖြင့် သေချာစွာ ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲသို့ မြို့နယ်စာရေးဆရာအသင်း(Book Club)၊ (Youth Club)အဖွဲ့ဝင်များ၊ ကျောင်းသား/သူများ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်