မြောက်ဥက္ကလာပ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဝေငှခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဈ/ရတနာ သိင်္ဂီဈေးတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်တိုင်းနှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ရန် အသိပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်ခြင်း၊ မိမိအိမ်တွင်သာ နေထိုင်ရန် နှင့် လူစုလူဝေး ရှိရာနေရာများကို တက်နိုင်သမျှ မသွားရောက်ရန်၊ ဈေးသို့လာပါက Mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်ရန် စသည့် အချက်များကို အသိပညာပေး ပြောကြားခြင်းနှင့် Mask များကို မြို့နယ်ရဲတပ်ဖွဲ့၊ ဈ/ရတနာသိင်္ဂီဈေး သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံနှင့် ရုံးဝန်ထမ်းများ ပူးပေါင်း၍ ဈေးသွား၊ ဈေးလာပြည်သူများကို နှာခေါင်းစည်း Mask များကို ဒုတိယအကြိမ် ဝေငှခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ နေထိုင်သွားလာ စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်း စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)