မန်တုံ ဇွန် ၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမ၌ ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က လူငယ်နှင့်ရည်မှန်ချက် ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က လူငယ်တွေရဲ့ပန်းတိုင်၊ ဘဝရည်မှန်းချက်၊ ဘဝရဲ့တန်ဖိုးများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး TalkShow ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်လွေးအေးတင် (ဒုတိယဦးစီးမှူး)မှ လူငယ်တွေအတွက် ပညာရေးကအရေးကြီးကြောင်း၊ လောကနီတိမှာတော့ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ၊ ပညာဆိုသည်မှာ စာပေသာမကအသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ၊ ကိန်းဂဏန်းဆိုင်ရာအတွက် အချက်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဥပဒေပညာ၊ ဆေးပညာ၊ အရောင်းအဝယ်ပညာစသဖြင့် ပညာရပ်အမျိုးမျိုးရှိကြောင်း၊ တချို့လူငယ်တွေက ရည်မှန်းချက်ရှိကြောင်း၊ တချို့လူငယ်ပတော့ ဘဝမှာ ရေရေရာရာရည်မှန်းချက်မရှိဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား လူငယ်တွေရှိကြောင်း၊ ရည်မှန်းချက်ရှိသူတွေက ဘဝမှာတိုးတက်အောင်မြင်၍ ရည်မှန်းချက်ထားကြိုးစားကြရန် အစရှိသည်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)