မုဒုံမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၁၆၅၉၁)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး

မုဒုံ   ဇွန်  ၉

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက် ၅ နှစ်မှ ၁၂ နှစ် အထိ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် ငါးနေရာ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများထိုးနှံရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို  မိဘ/အုပ်ထိန်းသူမှ  သဘောတူကြောင်းလက်မှတ်ရေးထိုးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စိုးရိမ်ရသည့်ရောဂါ လက္ခဏာရှိ/မရှိ မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharm ကို ပထမအကြိမ် ထိုးနှံပေးခဲ့သည်။

ယခုစာသင်နှစ်၌ ဖွင့်လှစ်နေသည့် အခြေခံပညာကျောင်း ၁၀၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၃ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၃ ကျောင်း စုစုပေါင်း (၁၀၈) ကျောင်းအပြင် မွန်စာ သင်ကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ဇွန် ၂ ရက်နေ့ မှ စတင်ကာထိုးနှံပေးခဲ့ပြီး ဇွန်လ ၈ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၆၅၉၁) ဦးကို ကာကွယ်ဆေးထိုးနှံပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)