ကျောက်တလုံးကြီး ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် အသက်(၆)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက်(၉) နာရီခန့်က ကျောက်တလုံးကြီးမြို့ လုံကား(အ.ထ.က)တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင်ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံကြသည့် အ.မ.က-တုန်မုန့်၊ အ.မ.က-တခေါ့မှူး၊ အ.မ.က-ထမ့်ဟင်းနှင့်မူလွန်-လွယ်စင်းတို့မှ အသက်(၅)နှစ်နှင့်(၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းပြုလုပ်ပြီးနောက် ကျောက်တလုံးကြီး၊ မြို့တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)