လှည်းကူး ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးပြီးနောက် ကျောင်းသား/သူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
လှည်းကူးမြို့နယ် ဘားလားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား/သူ(၁၂၅)ဦး ထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား/ သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဇူလိုင်လ (၈)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။
အေးအေးနွဲ့