နမ့်စန်(တ) ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပခဲ့ရာ အမှတ်(၅)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းခွဲ မှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ၊ ပလတ်စတစ်၏ဆိုးကျိုး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်လှုပ်ရှားမှုမှတ်တမ်းပုံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်တို့ကိုပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)