မုဒုံ ဇွန် ၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီမိုးစပါး အချိန်မီ သီးနှံစိုက်ပျိုးမှု အဆင်ပြေစေရေးအတွက် ယနေ့နံနက် ၉ နာရီက မုဒုံမြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကင်းချောင်းကျေးရွာနေ တောင်သူလယ်သမားများအား မိုးစပါး စိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ထုတ်ပေးသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် ၂၀၂၀ မိုးချေးငွေနှင့် ၂၀၂၁ မိုးချေးငွေ ပြေကျေသည့် တောင်သူလယ်သမားများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ လယ်တစ်ဧကလျှင် တစ်သိန်းခွဲအတိုး နှုန်း ၅ ရာခိုင်နှုန်းဖြင့် မိုးစပါးချေးငွေများကို မေလတတိယအပတ်မှစ၍ ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ကျေးရွာ(၁၀)ရွာမှ တောင်သူ ၄၈၂ ဦး၏ လယ်ဧက ၃၄၄၈ ဧက ချေးငွေကျပ် စုစုပေါင်း ၅၁၇၂ သိန်းကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း မုဒုံမြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုး ရေးဘဏ်ခွဲမန်နေ ဂျာ ဒေါ်ယုယုခိုင်က ရှင်းလင်းပြောကြားသည်။
ထို့နောက် ကင်းချောင်းကျေးရွာရှိ တောင်သူလယ်သမား ၄၆ ဦး၏ လယ်ဧက ၃၄၂ ဧကအတွက် ဘဏ်ချေးငွေကျပ် စုစုပေါင်း ၅၁၃ သိန်းကိုထုတ်ချေးပေးခဲ့ပြီး အဆိုပါ ဘဏ်ချေးငွေများကို မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၄၂ အုပ်စုမှ တောင်သူ ဦးရေ ၄၃၆၁ ဦး၊ လယ်ဧက ၃၃၀၇၄ ဧကအတွက် လျာထားဘဏ်ချေးငွေကျပ် စုစုပေါင်း၄၉၆၁၁ ဒသမ ၀၀ သိန်းကို ၂၀၂၂ ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးသည့် တောင်သူလယ်သမားများအား စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ်မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)