ကလောမြို့နယ် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ

ကလော ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမရှေ့၌ ယနေ့နံနက် ၁၀ နာရီအချိန်က  မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်ပြသထားကြောင်း သိရသည်။

အဆိုပါအသိပညာပေးနံရံကပ်စာ စောင်ထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးထိုးရသည့် အကြောင်းအရင်းများနှင့် မူးယစ်ဆေးမသုံးဘဲအခြားပြုလုပ်သင့်သည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှုရရှိလာမည့် ဆိုးကျိုးများအကြောင်း၊ လူငယ်လူရွယ်များအလွဲသုံးရာမှစွဲတက်စေသည့် ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများဥပဒေဖြင့် ကန့်သတ်ထားသော ဆေးဝါးများအကြောင်းပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသထားလျက်ရှိရာ၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမသို့လာရောက်ကြသည့် ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာလျက်ရှိကြောင်း သိရသည်။

ကျော်ဝင်း(ကလော)