မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်  ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း ပြီးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

မြောက်ဦး ဇွန် ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်း  အဝေးခန်းမ၌ ယမန်နေ့နေ့လယ်၂ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ မိုးတွင်းကာလရောက်ရှိလာပြီဖြစ်၍ ယာဉ်စည်း၊ လမ်းစည်းကမ်းတို့ကို ယခုထက်ပိုမို လုပ်ဆောင်ကြရန်တို့ကို မှာကြားခဲ့သည်။ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း မြို့နယ်အတွင်း စာသင်ကျောင်းသင် ကျောင်းများရှေ့တွင် ကျောင်းတက်၊ကျောင်းဆင်းချိန်များတွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ အမြန်မ မောင်းနှင်ကြရန် နေ့စဉ်ကွင်းဆင်း လုပ်ဆောင်လျက်ရှိကြောင်းတို့ကို ပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း ကျောင်းသူ၊ ကျောင်းသား များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာနေရာများသို့ သွားရောက်၍ သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် တို့ကိုပြောကြားခဲ့သည်။ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှလည်း နိုင်(၄) မှတ်တမ်း ၁၀၀ ရာခိုင်နှုန်းပြီးစီးမှုတို့ကို ပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့် ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင် ရွက်ကြရန်တို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)