ကာလိမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကာလိ ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးရဲမင်းထွန်းက ဦးဆောင်ပြီး ကာလိမြို့နယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်လှဟန်၊ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦးနှင့် ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးတို့က ကာလိမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချထားခြင်း ရှိ/မရှိနှင့် ရောင်းချထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)