အင်တော ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ ကျောက်မီးခတ် ကျေးရွာတွင် မေလ ၂၀ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၃)လုံး အမိုးလန် ပျက်စီးခဲ့သည့် မိသားစုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက ကွင်းဆင်း၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်လှိုင်တင့်၊ စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်၊ အင်တောနယ်မြေ မီးသတ်စခန်းမှ တာဝန်ခံ ဦးဝင်းမောင်နှင့့်် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန်းအောင်တို့က လေဘေးသင့်၍ နေအိမ်(၃)လုံး အမိုးလန်ပျက်စီးခဲ့သော မိသားစုများ လက်ဝယ်သို့ ထောက်ပံ့ငွေကျပ်(၂၇၀၀၀၀)တိတိ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)