ကွန်ဟိန်း ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ လောကဇာတ်ခုံပေါ်မှာ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် (၁၁:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် Book Club အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများတိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး Book Club အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ စုစုပေါင်း (၂၅)ဦးခန့် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)