ကွမ်းခြံကုန်း ဇွန် ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများသည် ယမန်နေ့ မွန်းလွဲ(၁)နာရီက မြန်မာ့ စီးပွားရေးဘဏ်သို့ သွားရောက်၍ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်း၍ ငှားရမ်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ရှင်းလင်းပြောကြားရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဌာနဆိုင်ရာ စာဖတ်ပရိတ်သတ်များအနေဖြင့် စာပေကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်သူများ စာဖတ်ရှိန် တိုးတက်မြှင့်မား လာစေရေး၊ ခေတ်စနစ်အရ Online system ဖြင့် စာပေဖတ်ရှုလေ့လာနိုင်ကြသော်လည်း အခကြေးငွေ ကုန်ကျမှုရှိပြီး၊ Mobile libraryအနေဖြင့် ငွေကုန် ကြေးကျမှုမရှိသောစနစ်ဖြစ်ကြောင်း၊ ထိုသို့အတွက် စာဖတ်ပရိတ်သတ်များရှိရာ ရုံးဌာနများသို့ရောက် ယခုကဲ့သို့ လာရောက်ကွင်းဆင်း ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ၎င်းနောက် စာဖတ်သူများအား စာအုပ်စာပေ၊ သုတ/ရသမျိုးစုံတို့ကို ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
ဆွေနွယ်(lPRD)