သန်လျင် ဇွန် ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) အနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနသို့ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး ဝန်ထမ်းများမှ ကွင်းဆင်း၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာပေ မဂ္ဂဇင်းများကို ဌားရမ်းဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဌားရမ်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး(သန်လျင်)မှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းနင့် ဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် စာအုပ်ဌားရမ်းပေးခြင်းအား ဆောင်ရွက်ပေးခဲ့သည်။
သန်လျင်မြို့နယ်တွင် ခရိုင်ပြည်သူ့စာကြည့်တိုက်အား မြို့သစ်အနောက်ရပ်ကွက်ရှိ ကြံ့ခိုင်ရေးလမ်းတွင် ဖွင့်လှစ်ထားရှိပြီး အများပြည်သူသို့ စာအုပ်စာပေများ ဌားရမ်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်၊ ဌာနဆိုင်ရာရုံးများအနေဖြင့် ခရိုင်ပြည်သူ့စာပြည့်တိုက်သို့ လာရောက်ရန် အချိန်မပေးနှိုင်သဖြင့် ယခုကဲ့သို့ မိုဘိုင်းစနစ်ဖြင့် ဌားရမ်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်