ပြည်ကြီးတံခွန်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေး မေ ၉

မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်းအမှတ်(၂၀)တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး စိတ်ကြိုက်ပန်းချီရေးဆွဲသည့်ပြိုင်ပွဲကို စာဖတ်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက"မူးယစ်ဆေးဝါး အန္တရာယ်ကို လူငယ်မောင်မယ်တွေသိရှိပြီး ရှောင်ရှားနိုင်စေဖို့၊ ပန်းချီအနုပညာဖြင့် ဖန်တီးတင်ပြတတ်စေဖို့၊ မူးယစ်ဆေးဝါးဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိမြင်ပြီး ရှောင်ရှားတတ်စေဖို့ စတဲ့ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပပေးကြောင်း ဆွေးနွေးသည်။

အဆိုပါပြိုင်ပွဲသို့ အမကမူလွန်(၂၀)မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၀)ဦးပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)