ဒဂုံတောင် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်စေရေးတို့အတွက် ယနေ့နံနက်(၀၇:၀၀)နာရီက မြို့နယ်စည်ပင်သာယာရေးကော်မတီက ဦးဆောင်၍ စုပေါင်း သန့်ရှင်းရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ခြင်များမခိုအောင်း မပေါက်ဖွားနိုင်စေရေး၊ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်များ မဖြစ်ပေါ်စေရေးတို့အတွက် မြို့နယ်အတွင်းရှိ အ.လ.က(၆)အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၊ အမြင် မတင့်တယ်မှုများ ရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများ ရှင်းလင်းခြင်းတို့အား ဆောင်ရွက်ခဲ့သည်။
ထို့သို့ရှင်းလင်းဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်က ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါများနှင့် ခြင်မှတစ်ဆင့် ကူးစက် တတ်သော ရောဂါအန္တရာယ်များမှ ကင်းဝေစေရေး၊ ကျောင်းသားကျောင်းသူကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရန်၊ မြို့နယ်သန့်ရှင်းသာယာလှပစေရေးနှင့် ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးအတွက် တံမြက်စည်းလှဲကျင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းများ၊ လမ်းနှင့်မလွတ်ကင်းသော ခြုံနွယ်မြတ်ပင်များ ခုတ်ထစ်ရှင်းလင်းခြင်း၊ ရေဆိုးရေမြောင်းများ ဆယ်ယူခြင်းအစရှိသည်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့နောက် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)