ဒလ ဇွန် ၉
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာအကြောင်းအရာများ၊ မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးမှုများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာကိစ္စရပ်များစသည့် ပြည်သူတို့သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများကို ဒလမြို့နယ်(Community Centre)ခန်းမတွင် ခင်းကျင်းပြသကဲ့သို့ ယနေ့နံနက်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတရရှိစေရန် ဒလမြို့နယ်အမှတ်(၇)အခြေခံပညာ မူလတန်းကျောင်းနံရံကပ်ဘုတ်များတွင် အဆိုပါနံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲသို့ ဒလမြို့နယ် အ.မ.က (၇)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ရီ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည်ရှု့လေ့လာကြရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဒလမြို့နယ်ရုံး ဦးစီးအရာရှိ ဒေါ်သီတာဝင်းနှင့် ဝန်ထမ်းများက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
သီတာဝင်း (IPRD)