ပုဗ္ဗသီရိ၌ လူငယ်နှင့်စာရိတ္တ အသိပညာပေးTalk Show ကျင်းပ

 

ပုဗ္ဗသီရိ ဇွန် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်စာရိတ္တ  အသိပညာပေးTalk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်) တို့က လူငယ် တွေအောင်မြင်မှသာ နိုင်ငံတော်ကြီးတိုးတက်မှာဖြစ်ကြောင်း၊ လူငယ်တွေဘဝ အောင်မြင်ဖို့အတွက် ပြည့်စုံသင့်တဲ့ ဗလငါးတန်အကြောင်း၊ ဗလငါးတန်ထဲမှ အခြေခံအကျဆုံးဖြစ်တဲ့ စာရိတ္တဗလအကြောင်း၊ စာရိတ္တဗလပြည်စုံရန် စာဖတ်ခြင်းဖြင့် ပျိုးထောင်ရန်လိုကြောင်း၊ ကိုယ့်လုပ်တဲ့ အပြုအမူဟာ မှန်သလား၊ မှားသလား  အမြဲသုံးသပ်ရန် လိုကြောင်း၊ စာရိတ္တဗလနှင့်ပြည့်စုံမှသာ လောကမှာ အရာရာအောင်မြင်တဲ့သူဖြစ်လာမှာဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။

“ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများ၊ Talk Show အစီအစဉ်များ၊ စာအုပ်မိတ်ဆက်အစီအစဉ်များ၊ ပုံပြင်ပြောခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း"  မြို့နယ်ဦးစီးမှူးထံမှသိရသည်။

မျိုးသီဟ (ပြန်/ဆက်)