နမ့်ဆန် ဇွန် ၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ဟန်က ၂၀၁၉ခုနှစ်ထုတ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဉပဒေအကြောင်းများ၊ CRC အခွင့်အရေး(၄)ရပ်တွင် ပါဝင်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်အကြောင်းအရာများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးများ၊ ကလေးသူငယ်အပေါ်အကြမ်းဖက်ခြင်း၏ အကျိုးဆက်များစသည့် အကြောင်းအရာများကို မိဘပြည်သူများသိရှိစေနိုင်စေရေးကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)