ဝမ်းတွင်း ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ကျောင်းသားကျေင်းသူ(၂၉၄၈၃)ဦးမှ တက်ရောက်ကာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်နှင့် အညီကျောင်းအပ်နှံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဝမ်းတွင်းမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၁၅)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(၂၆) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၉)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၁၆)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၄)ကျောင်း၊ မူလတန်းကျောင်း (၅၉) ကျောင်း၊ အ.မ.က-ခွဲ(၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃) ကျောင်း၊ စုစုပေါင်း(၁၈၄)ကျောင်းရှိရာယနေ့အချိန်ထိ ကျောင်းသားကျောင်းသူ(၂၉၄၈၃)ဦးမှ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်တွင် ကျောင်းတက်ရောက်မှု ရာခိုင်နှုန်း(၉၈.၈၉)ရှိကြောင်း မြို့နယ်ပညာရေးမှူးဒေါ်သီတာထံမှ သိရသည်။
အဆိုပါ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးမှ ကျောင်းသား၊ ကျောင်းသူများအား ပညာကိုစိတ်အေးချမ်းစွာဖြင့် ဘေးကင်းလုံခြုံစွာသင်ယူနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး အုပ်ထိန်းသူများ၏ခွင့်ပြု ချက်ဖြင့်ထိုးနှံပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်လုံခြုံရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)