မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre ) ၌ စာဖတ်ဝိုင်းဆွေးနွေး ပြုလုပ်

မံစီ      ဇွန်     ၉

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာဖတ်ပရိသတ် အထက်တန်းကျောင်းသား ကျောင်းသူများပူးပေါင်း၍  စာရေးဆရာလူထုစိန်ဝင်း ‌ရေးသားထားသည့် “ မျှော်လင့်ချက်မဲ့ အခြေအနေ ဆိုတာမရှိဘူး ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေး ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဒေသခံပြည်သူများ ကျောင်းသားကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့ကျင့် ကောင်းများ ရရှိလာပြီး စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွား၍ စာပေချစ်မြတ်နိုးသူအချင်းချင်း ပြန်လည်မျှဝေကာ ချစ်ခင်ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် စာဖတ်ပရိတ်သတ် အထက်တန်းကျောင်းသား ကျောင်း သူများက  စာရေးဆရာ လူထုစိန်ဝင်း ‌ရေးသားထားသည့် “ မျှော်လင့်ချက်မဲ့အခြေအနေ ဆိုတာမရှိဘူး ”  စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီအလိုက် အလှည့်ကျ   ခေါင်းစဉ် တစ်ခု စီဖတ်ကြားပြီး မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေနွေးခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)