မိုင်းခတ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

မိုင်းခတ် ဇွန် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း အသိပညာပေး TalkShow ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နန်းနွယ်နီ‌အောင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း အကြောင်းပြောကြားပြီး၊ မိုင်းခတ်မြို့မရဲစခန်းမှူး ဒုရဲမှူး‌ အောင်ကြည်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများကိုသုံးစွဲခြင်း၊ လက်ဝယ်ထားရှိရောင်းဝယ်ခြင်းများ ကျူးလွန်ပါက ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် မိုင်းခတ်မြို့နယ်အတွင်း မူးယစ်‌ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲစေသော ဆေးဝါးများနှင့်ပတ်သက်၍ ပညာပေး‌ဆောင်ရွက်‌နေမှုများအကြောင်း အကျယ်တဝင့်ဆွေးနွေးပြောကြား‌ခဲ့သည်။

အဆိုပါ TalkShow ဆွေးနွေးပွဲများအား ပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေးအတွက် Online မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည်များအား We Love Mong khat Facebook Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)