ကွတ်ခိုင် ဇွန် ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမူဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်တွင် မသန်စွမ်းကလေးသူငယ်များဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မေမြတ်မွန်က မသန်စွမ်းကလေးသူငယ်များ၏ နည်းဥပဒေများတွင် သာမှန်ကလေးသူငယ်များ၏ နည်းဥပဒေများနည်းတူ လွတ်လပ်စွာအသက်ရှင်သန်နိုင်ရေး၊ ပြောဆိုနိုင်ခွင့်၊ ကိုးကွယ်ပိုင်ခွင့်များ စသည့်အခြေခံအခွင့်အရေးများရှိပြီး၊ မသန်စွမ်းကလေးသူငယ်များအပေါ် အနိုင်ကျင့်ပြုလုပ်မှုများအပေါ် အကာအကွယ်ရပိုင်ခွင့်ရှိကြောင်းစသည့် မသန်စွမ်းကလေးသူငယ်များနှင့်ပတ်သက်သည့် အခွင့်အရေးများ၊ နည်းဥပဒေများကို ပြည်သူလူထုများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရပါသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)