မောက်မယ်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များတွင် တရားမဝင်ရောင်းချမှုမရှိစေရေး​ကွင်းဆင်းစစ်ဆေး

မောက်မယ် ဇွန် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များတွင် တရားမဝင်ရောင်းချမှုမရှိစေရေး၊ စက်သုံးဆီအမျိုးအစားမှန်ကန်မှု၊ သတ်မှတ်စျေးနှုန်း၊ လီတာ(သို့)ဂါလံ ပြည့်ရောင်းချမှုရှိမရှိ အခြေအနေများအား ယနေ့နံနက်ပိုင်း၈နာရီခွဲမှ စတင်ကာ Mobile ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စက်သုံးဆီအရောင်းဆိုင်များအား Mobile ပူးပေါင်းအဖွဲ့က စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် ဦးဆောင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသန်းလင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇေယျာလွင်တို့က တာဝန်ရှိဌာနဆိုင်ရာများလိုက်ပါလျက် 92(Octane)၊ 95(Octane)၊ ဒီဇယ် Premiun ၊ ဒီဇယ်(ရိုးရိုး)ရောင်းချသည့်ဆီပန့်များတွင် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်စျေးနှုန်းမှန်မမှန်နှင့် ချိန်သွယ်ရောင်းချသည့် လီတာ(သို့)ဂါလံပြည့်မပြည့်တို့အား မောက်မယ်မြို့နယ်အတွင်းရှိ အောင်သပြေနှင့် မြတ်ဆုမွန်စက်သုံးဆီအရောင်းဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)