သာယာဝတီ ဇွန် ၉
ပဲခူးတိုးင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် မိုးစပါးအချိန်မီပြီးစီးရေး နွေစပါးတိုးချဲ့ စိုက်ပျိုးရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက နတ်တလင်းမြို့နယ်ရှိ လှခြင်းရေတံခါးအား စိုက်ပျိုးရေလုံလောက်မူရှိမရှိ၊ မိုးစပါးအချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရေးနှင့် နွေစပါးတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမည့် ရေတံခါးနှင့် လက်တံမြောင်းများကို ကြည့်ရှုပြီး မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးညှိနှိုင်းမှု ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)