စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ ဉာဏ်စွမ်းပဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စကားလုံးဆက်ပြိုင်ပွဲ ကျင်းပ

စမ်းချောင်း ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဉာဏ်စွမ်းပဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာစကားလုံး ဆက်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် လူငယ် / လူရွယ်များ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စိတ်လက် ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက် တတ်စေရန်ရည်ရွယ်၍ ကျင်းပရာ မြို့နယ်အတွင်းရှိ လူငယ် / လူရွယ်များက စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမတွင် လူငယ်များ အသိပညာဗဟုသုတ မြင့်မားစေရန်ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း(ပြန်/ဆက်)