မိုင်းကိုင်မြို့နယ်၌ ကျောင်းသားကျောင်းသူများနှင့် ရှင်သာမဏေများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

မိုင်းကိုင် ဇွန် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား ကျောင်းသူများနှင့် ရှင်သာမဏေများကို  ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးများ  ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နေ့မနက်ပိုင်းတွင် ဝမ်ဖွီးကျေးရွာအုပ်စုရှိ မဟာသုခမင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ ဝမ်ပန်ဘုန်းတော်ကြီးကျောင်း၊ အ.လ.က−ခွဲ(ကတ်ဖွီး)၊ အ.မ.က(လွိုင်လိုင်)တို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းလှိုင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီ၊ မြို့နယ်ပညာရေးမှူး ပူးပေါင်းအဖွဲ့တို့က  ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ ကျောင်းသားကျောင်းသူများ၊ ရှင်သာမဏေများအားလုံး ကာကွယ်ဆေးထိုးနှံပြီးစီးရေးနှင့် ကိုဗစ်−၁၉ ရောဂါအန္တရာယ်မှ ကင်းဝေးကြစေရေး  ကျောင်းသားမိဘများအား တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မိုင်းကိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂နှစ်အထိ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ ၇၇၄၃ ဦး ရှိသည့်အနက် ယနေ့နေ့လည်ပိုင်းအထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၂၁၆ ဦးရှိပြီး ထပ်မံထိုးရန်ကျန်ရှိနေသော ကျောင်းသားကျောင်းသူများ၊ ရှင်သာမဏေများနှင့် ကျောင်းနေပြင်ပ ပြည်သူများကို  ကာကွယ်ဆေးများ  ဆက်လက်၍ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)